မြိုင်မြို့နယ်တွင် တစ်နာရီလျှင် ၄၀လီတာအိုး(၅)လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရောက်ရှိ

မြိုင် စက်တင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ် လိုအပ်မှုများကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်ဆောင်ရွက်သော ZOY30အောက်ဆီဂျင်စက် စက်တင်ဘာလ ၁၉ရက်နေ့က မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။

 

မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာများ အသုံးပြုရန်အောက်ဆီဂျင်ကို ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် အခြားမြို့နယ်များသို့ သွားရောက် သယ်ဆောင်ခဲ့ကြရပြီး လူနာများ၏ အရေးပေါ် အခြေအနေများကို မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် ပရဟိတအဖွဲ့များပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါတွင် မြို့နယ်တွင်းတွင် အောက်ဆီဂျင်ကို အလွယ်တကူရရှိစေရန်တွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သော အောက်ဆီဂျင်စက်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ် သည်။

 

အဆိုပါ အောက်ဆီဂျင်စက်ကို မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ထားရှိကာ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀လီတာအိုး(၅)လုံးထွက်ရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ပြည်သူများ၏ ကျန်းမာရေး အရေးပေါ်အခြေအနေများကိုအလွယ်တကူ ကူညီဖြေရှင်း ပေးနိုင် မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလကုန်တွင် အောက်ဆီဂျင် စတင်ထုတ်လုပ်
နိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

သူရ(ပုံတောင်)