အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှအသက် (၈၀)နှစ်နှင့်အထက် ဘိုးဘွားများအားထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ   ထောက်ပံ့ငွေများကို သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်သည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၂၁)ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ် ဆေးရုံမှ(၁၀)ဦး၊စုစုပေါင်း(၃၁)ဦးတို့ကိုယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးရာ အမျိုး သား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့ တိုက်နယ်ဆေးရုံ၌ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်၉နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း (၁၈) နှစ်ပြည့်ပြီး ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူ များကို စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီက စတင်၍ မြို့တော်ခန်းမ၊ အထက(၁)၊ အထက(၄)နှင့်ရွှေဘိုမြို့နယ်ဆိပ်ခွန်ကျေးရွာတို့တွင်စုရပ် ၄ ခု ခွဲပြီးစနစ် တကျ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 
Sep 21,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို စက်တင်ဘာ ၂၁ ရက် ၊ ယနေ့ နံနက်ပိုင်းကစတင်ပြီး COVID – 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်အငြိမ်းစားဝန်ထမ်းများက သတ်မှတ်ထားသည့် ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းသာစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့်သူများအား လူတစ်ဦးလျှင် နှစ်ကြိမ်နှုန်းဖြင့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အ.ထ.က-ဂျိုးတောင်ကျောင်းတွင် ပြည်သူ ၃၅၅ ဦးကို ဒုတိယအကြိမ်မြောက် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား စက်တင်ဘာ ၂၀ ရက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းသေဒကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဒုဟီးမြို့တွင် မြို့ပေါ် (၃)ရပ်ကွက် နှင့် ဂကြီးချမ်းမြူးအုပ်စု၊ လာမာကျေးရွာအုပ်စုနှင့် ဗိုလ်တဲနုတ်ညိုးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ညနေပိုင်း(၃)နာရီအချိန်က ဒုံဟီးမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။