ပင်းတယ ဩဂုတ် ၁၅
ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များအား နိုင်ငံတော်မှ (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေး အပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးဇော်ထံ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံ သို့ ထောက်ပံ့ငွေများကို ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက်အခမ်းအနားအပြီးတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများထံ နေအိမ် အရောက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ပေးအပ်သည့် နိုင်ငံတော်မှထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေ မရှိသည့် အိမ်ထောင်စု (၃၂၄၇)အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ဝိ/- နှုန်း ဖြင့် စုစုပေါင်း ငွေကျပ် (၆၄၉၄၀၀၀ဝိ/-) ဖြစ်ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)