ရွှေကူမြို့၌ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ရွှေကူ     သြဂုတ် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ယုံကြည်ရာပရဟိတအသင်းမှ ဦးဆောင်၍ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၁  နာရီတွင်ရွှေဂဲကုန်းရပ်၊ လှရိပ်မြုံအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ယုံကြည်ရာပရဟိတ အသင်းက္ကဋ္ဌ ဦးသန်းနိုင်က ကိုဗစ်၁၉ ကာလအတွင်း မိမိအိမ်၌ အပိုဝင်ငွေရရှိရန်ရည်ရွယ်၍ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင် ပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နီနီအောင်က သင်တန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ရွှေကူမြို့နယ် အတွင်းရှိ ဝါသနာပါသူ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာ သြဂုတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ () ရက်ကြာလက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)