ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ အခက်အခဲရှိသော ဒေသများတွင် စိုက်ပျိုးရေ စက်ရေတွင်းပေါင်း ၁၅၃ တွင်း တူး​ဖော်ပြီးစီး

ပုသိမ်  သြဂုတ် ၁၅

ဧရာဝတီတိုင်း​ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်ဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေ စက်ရေတွင်း ပေါင်း ၁၅၃ တွင်း တူးဖေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေစက်ရေတွင်းများ တူးဖေါ်ရာတွင် စိုက်ပျိုးရေအခက်အခဲရှိသော ဒေသများကို အဓိကထားရွေးချယ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ် ဘတ်ဂျက်ဖြင့် ဆောက်ရွက်ခြင်းဖြစ်သည်။ စိုက်ပျိုးရေစက်ရေတွင်းများမှာ ၃ လက်မပိုက် စက်ရေတွင်းများဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်တွင် ၇ တွင်း၊ ကန်ကြီးထောင့်မြို့နယ်၌ ၇ တွင်း၊ ကျောင်းကုန်းတွင် ၈ တွင်း၊ ကျုံပျော်မြို့နယ်တွင် ၇ တွင်း၊ သာပေါင်းမြို့နယ်တွင် ၁၈ တွင်း၊ ရေကြည်မြို့နယ်တွင် ၇ တွင်းရှိ​ကြောင်းသိရသည်။

ထို့အပြင်  ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ လေးမျက်နှာ မြိုနယ်နှင့် ကြံခင်းမြို့နယ်တို့တွင် ၅ တွင်းစီ၊ မြောင်းမြမြို့နယ်တွင် ၁၀ တွင်းနှင့် အိမ်မဲမြိုနယ် တွင် ၂၂  တွင်း၊ ဝါးခယ်မမြို့နယ်တွင် ၁၀ တွင်း တူး​ဖော်ပြီးဖြစ်ပါသည်။ အလားတူ မအူပင် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ၆ တွင်းစီနှင့် ကျိုက်လတ်မြို့နယ်၌ ၃ တွင်း တူဖေါ်ခဲ့ပြီးဖြစ်ရာ အဆိုပါ လုပ်ငန်းများအတွက် ကုန်ကျငွေ စုစုပေါင်း ၈၉ ဒသမ ၆၃၃ သန်းရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်ဌာန တိုင်းဒေသကြီး ဦးစီးမှူးထံမှ သိရသည်။

မြင့်ဟန်