မိုင်းနောင် သြဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ငန်းစိုက်ပျိုးမှု လက်တွေ့ကွင်းဆင်း ပြသခြင်း များကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ စံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစီအစဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက CERP အရ ဆောင်ရွက်ရသော ရေတိုအစီအမံများအပြင် ကိုဗစ်-၁၉ အလွန် ကာလများအတွက် လယ်ယာကဏ္ဍ ရေရှည်ဖွံဖြိုးတိုးတက်ရေး အစီအမံများဖြစ်ပြီး တောင်သူလယ်သမားများ အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာ သည့်ရာသီဥတုများနှင့်အညီ စိုက်ပျိုး သွားနိုင်ရန် ဖြစ်ပါကြောင်း သိရသည်။
စိုက်ပျိုးမည့်တောင်သူများသည် ရွှေရင်အေးမျိုးစပါးဖြင့် (၁၀)ဧကကို မျိုးစေ့ထုတ် စိုက်ပျိုးသွားမည် ဖြစ်ပြီး မိုင်းနောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား လက်တွေ့ကွင်းဆင်း ပြသ ပေးခဲ့ကြောင်း သိရသည်။
မိုင်းနောင် ပြန်/ဆက်