နောင်ချို အောက်တိုဘာ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများကပန်းခင်းစီမံချက် အဆင့်-၃ဖြင့် အထက(၁)နှင့်အထက(၂)မှ ကျောင်းသား ၅၆ ဦး၊ ကျောင်းသူ ၈၄ ဦး စုစုပေါင်း ၁၄၀ တို့အား e-ID စမတ်ကတ်များ ဆောင်ရွက်ပေးခဲ့ကြသည်။
နောင်ချိုမြိုနယ် ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းကျေးရွာအုပ်စုများနှင့် အခြေခံပညာ ကျောင်းများသို့ပန်းခင်းစီမံချက်အဆင့်-၃ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်