မှော်ဘီမြို့နယ် အထူးဇုံကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားကြည့်ရှုစစ်ဆေး 

မှော်ဘီ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုံ၌ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် C12(M0,M1) ကြား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်လည်း အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများသည် ညောင်နှစ်ပင်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုံကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းအရှည် (၄၄၀၀) ပေ၊ အကျယ် (၁၂) ပေနှင့် (၇) လက်မထုဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာတိုင်း၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိ သူများမှလည်း လမ်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်မှ လမ်းလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများအချိန်မီပြီးစီးရေးတို့အား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသည် အထူးဇုံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများနှင့်သားငါးများစွာအား ဒေသအသီးသီးသို့ ပို့ဆောင်ရာတွင် အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)