သာကေတ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် ၇/ဈေးလမ်းရှိအထက(၂)ကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းခြင်းကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ခင်စောလင်းနှင့်ခရိုင်/မြို့နယ်ဦးစီးမှူးများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ စည်ပင်လမ်းတံတားဌာနမှ ဦးစိုးလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် ကျောင်းဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အိရွှေစင်လတ်(သာကေတ)