မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား အထူးကုဆရာဝန်များက ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေ သကြီးကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစန်းဝင်း၏ ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များက တန်ငူ့ကျေးရွာအုပ်စု၊ ခေတ်မီစံပြကွမ်းခြံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် ပြည်သူများ အား မြို့နယ်ပြည်သူ့ဆေးရုံသို့တက်ရောက်ကုသနိုင် ရေးစီစဥ်ဆောင်ရွက်ပေးသည်။

အဆိုပါဆေးကုသပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)