တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံ၌  ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးကွင်းဆင်းကြည့်ရှု

ကော့သောင်း  အောက်တိုဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ ပြည်သူ့ဆေးရုံအတွင်းကျောက်ကပ် သန့်စင်စက်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။

ထိုသို့သွားရောက် ကြည့်ရှုရာတွင် ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံအတွင်း ကျောက်ကပ်သန့် စင်ဌာန ဖွင့်လှစ်၍ ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးအတွက်  လိုက်လံကြည့်ရှုပြီး ကျောက်ကပ် ဝေဒနာရှင်များ အဆင်ပြေချောမွေ့စွာစစ်ဆေးကုသမှု ခံယူ‌နိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများလုံလောက်စွာထားရှိနိုင်ရေး၊ ကျောက်ကပ် ဖောင်ဒေးရှင်း‌ဖွဲ့စည်း‌တည်ထောင်၍ ရန်ပုံငွေတစ်ရပ်ထားရှိနိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေးကြရန်နှင့်လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)