ပင်လုံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၌ မိုးစံပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စုကွင်းအမှတ် (၃၇)၊ ဦးပိုင်အမှတ်(၁)တောင်သူ ဦးစိုင်းလုံ၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရိတ်သိမ်းရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးစန်းလွင်နှင့်အဖွဲ့ဝန်များ၊ ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မိုးစပါးစိုက်တောင်သူများတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါ ဦးစိုင်းလုံ၏လယ်မြေ(၂.၅၃)ဧကတွင် DU 12 (ဧည့်မထအထွက်ကောင်းမျိုး) စိုက်ပျိုးထားပြီးအထွက်နှုန်းမှာ တစ်ဧကပျမ်းမျှအခြောက်ထွက် (၁၁၈.၆၃) တင်းထွက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)