ဇလွန်မြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇလွန် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံဆောင်းနေကြာကိုလျာထားဧကအတိုင်း  အချိန်မီစိုက်ပျိုးနိုင်‌ရေးတို့အား အလေးထားဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက တောင်သူများအား ဆီထွက်သီးနှံဆောင်းနေကြာ Super Sun -41 (၁၀၀) ထုပ် ၃၅ ဧကစာနှင့် ဆင်း‌ရွှေကြာ -၂ တင်း (၅၀) ၂၀၀ ဧကစာ မျိုးစေ့များ အား ပေးအပ်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)