ပူတာအို နိုဝင်ဘာ ၁၀
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင် ဒေါ်လဖိုင်ဒေါင် နန်း၊ ဒေါ်သွဲ့လေးအောင်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာဝင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် နိုဝင်ဘာ (၉) ရက် နံနက် (၁၀) နာရီက မချမ်းဘောမြို့နယ် ဂူဘားခန်းမ၌ သက်ကြီးဘိုးဘွားများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းက စကားပြောကြားပြီး ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက မချမ်းဘောမြို့ပေါ် ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၃၅)ဦးအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆား၊ ကွေကာ၊ ကြက်ဥ၊ ခေါက်ဆွဲနှင့် ချီးမြှင့်ငွေများကို သက်ကြီးဘိုးဘွာများလက်ဝယ်အရောက်ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဥမ္မာကိုကိုကြီးတို့က အသင်းအဖွဲ့များ ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်များနှင့်လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားကာ အခမ်းအနားတက်ရောက်လာသူများအား ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ပူတာအိုမြို့ ဟိုခိုရပ်ကွက်ရှိ ပရဟိတကျောင်း ကျောင်းသား/သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက ဆရာ/မများနှင့် ကျောင်းသားကျောင်းသူစုစုပေါင်း (၈၀) ဦး အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဗလာစာအုပ်နှင့်ချီးမြှင့်ငွေများကိုပေးအပ်လှူဒါန်း သည်။
ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ချမ်းမြေ့ဂုဏ်ဝေကျောင်းတိုက်တွင် သီတင်းသုံးနေသော သီလရှင် (၁၃) ပါးအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဗလာစာအုပ်၊ ကြက်သွန်နီ/ဖြူနှင့် ဝတ္တုအလှူငွေများကိုဆက်ကပ်လှူ ဒါန်းသည်။
ထို့မှတဆင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နယ်မြေ(၃)ရှိ အေးမြရိပ်သာ မိဘမဲ့ကလေးများနှင့်ဝေးလံဒေသကလေးများ ပညာမြှင့်တင်ရေးဂေဟာသို့ သွားရောက်ပြီး မိဘမဲ့ကလေးများနှင့် ပညာသင်ကြားရန် အခက်အခဲရှိသော ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်နှင့်နောင်မွန်မြို့နယ်များမှ ကျောင်းသားကျောင်းသူများစားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြာဇံ၊ ကြက်သွန်နီ/ဖြူ၊ ကုလားပဲနှင့်ချီးမြှင့်ငွေများကိုပေးအပ်လှူဒါန်းရာ အေးမြရိပ်သာ မိဘမဲ့ကလေးများနှင့်ဝေးလံဒေသကလေး များ ပညာမြှင့်တင်ရေးဂေဟာ တာဝန်ခံ ဆရာမ မဘုနင်ဆားရ်က လက်ခံရယူခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ပူတာအို)