Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် 191 Sticker များ ကပ်ခြင်းဆောင်ရွက်
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့နယ်ပေါ်ရပ်ကွက်များ၊ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker များ ကပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ပူးပေါင်းပြီး စာရေးဆရာထိန်လင်းရေးသားထားသည့် “ခေါင်းဆောင်ကောင်းတို့၏ စီမံခန့်ခွဲမှုအတတ်ပညာ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့နယ်တွင် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများဖြစ်သည့် ထားဝယ်မြို့မစျေးကြီးနှင့် ကမ်းနားစျေးဦ ဆိပ်ကမ်းသာလမ်းတို့တွင် ဈေးသူ/ဈေးသားများ၊ ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ယမန်နေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် (အ.လ.က) ချည်မျှင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က) ချည်မျှင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 11,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 11,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ (၉) ရက်နေ့က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Dec 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များငှားရမ်းခြင်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ဌာနဆိုင်ရာများ၊ မြ…
Dec 11,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဖောင်းပြင်တပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၊ ရာဇမုနိပရိယတ္တိစာသင်တိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအားဆက် ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2452
Page
2453
Page
2454
Page
2455
Current page
2456
Page
2457
Page
2458
Page
2459
Page
2460
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department