လောင်းလုံး နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရည်ရွယ်၍ မဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်( ၃ ) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်က အဖွင့်အမှာစကားပြောကြားပြီး ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အရာရှိ ဦးသက်ထူးတင်က သင်တန်းပို့ချမည့် အကြောင်းအရာ၊ပါဝင်ရမည့်အချက်၊ ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လောင်းလုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကြည်ဝင်းလှ်ိုင်က သင်တန်းပို့ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မဲရုံမှူးနှင့်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းအား ပို့ချပေးလျက်ရှိရာ သင်တန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ( ၂ )ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)