ရေကြည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာ

ရေကြည် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို (၂၁-၁၁-၂၀၂၅) ရက်နေ့မှ (၄-၁၂-၂၀၂၅) ရက်နေ့အထိ (၁၄) ရက်အကြာ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား လာရောက်ကြည်ရှုနိုင်ရန် မိမိတို့ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကပ်ထား ကြေညာထားရှိမှုကို စနစ်တကျကပ်ထားကြေညာမှု ရှိ/မရှိ လိုက်လံစစ်‌ဆေးခြင်းများကို ရေကြည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ရွှေအေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)