ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ခေါင်လန်ဖူး    နိုဝင်ဘာ   ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ(၂၁)ရက် နံနက်(၁၀) နာရီက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးနိုင်လင်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခေါင်ဆင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းတန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါ ရမ်နှင့်အဖွဲ့ဝင်များက မြို့ပေါ်လေးရပ်ကွက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲစာရင်းများကပ် ထားကြေညာထားမှု အားကွင်းဆင်းစစ်ဆေးသည်။

အဆိုပါ မဲစာရင်းများကို မြို့ပေါ်လေးရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၃)အုပ်စု၊ မဲရုံ(၃၂)ရုံတွင် မဲပေးကြမည့် မဲဆန္ဒရှင်စာရင်းများအား ပုံစံ-၃၊ ပုံစံ-၄၊ပုံစံ-၄(ဂ)တို့ဖြင့် ပြင်ဆင်၊ဖြည့်စွက်ခြင်းများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး အဆိုပါ မဲစာရင်းများကို နိုဝင်ဘာ(၂၁)ရက်မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်