ဝေါ နိုဝင်ဘာ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက (ပုဂံကျေးရွာ) ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် EVM စက်ဖြင့် မဲပေးကြပါစို့၊ EVM နဲ့ ဘယ်လိုမဲပေးကြမလဲ၊ Myanmar Electronic Voting Machineစက်အသုံးပြု၍ မဲပေးပုံ အဆင့်ဆင့်၊ EVM စက်ဖြင့် မဲပေးနည်းအဆင့်ဆင့် ရုပ်ပုံများနှင့် ပယ်မဲမရှိ တိကျမှန်ကန် အီးဗွီအမ် (EVM) ဆောင်ပုဒ်တို့ပါရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)