မိုင်းယောင်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် နိုဝင်ဘာ ၂၃ ရက်က မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဟွေဖအုပ်စု၊ ဟွေဖ(ပေါ်)ကျေးရွာသည် မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော တောင်ပေါ်ကျေးရွာဖြစ်သည့်အတွက် မဲစာရင်းပါဝင်စေရေး၊ MEVM စက်ဖြင့် မဲပေးပုံအဆင့်ဆင့်စသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုက မိခင်ကလေးဆိုင်ရာ အသိပညာပေးပြီး အာဟာရအတွက် ထောက်ပံ့ငွေ ၁၅၀၀၀၀ ကျပ် ပေးအပ်သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့သည် ဟွေဖစေတီတော်ကို သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ပြုပြင်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း