အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ TS စက်သုံးဆီဆိုင်၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
Dec 31,2024
ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြီးကြပ်၍   မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ  ၃၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ ရွှေစက်တော်ဘုရားပွဲတော်ရာသီအမီ သမိုင်းဝင်စေတီပုထိုးများနှင့် အထင်ကရနေရာများ၌ အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
Dec 31,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့မဘောလုံးကွင်းအတွင်း၌ ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
Dec 31,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 31,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ အပန်းဖြေပျှော်ရွှင်ချမ်းမြေ့စေရန်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာကြိုဆိုနိုင်ရန် ရည်ရွယ်၍ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင်တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ တေးသံရှင်များက သီဆိုဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
Dec 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက ကျိုက်လတ်-မအူပင်ကားလမ်းဘေးရှိ Zaw Energy စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
Dec 31,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျတ်ခွင်ပြုရန်ပုံငွေဖြင့် ဆည်မုန်းကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။