အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပဖြစ်သည့် မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်၍ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
Nov 27,2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ် လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မ​ကွေးအကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၄) ဦးအား ယနေ့ နံနက် (၈) နာရီ ၁၀ မိနစ်အချိန်က လွှတ်ပေးခဲ့သည်။
Nov 27,2025
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 27,2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၁/၂၀၂၅ အရ မကြာမီမှာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား ၁၁ ဦးတို့အား နိုဝင်ဘာ ၂၇ ရက်က  ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
Nov 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာ၊ ကွင်းအမှတ် (၁၄၆၂)၊ ဦးပိုင်အမှတ် (၃၉)ရှိ တောင်သူ ဦးရန်မျိုးနိုင်ပိုင် လယ်မြေ (၂) ဧက၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
Nov 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ကော်မရှင်ရုံး၌ နေရပ်စွန့်ခွာ ပြည်သူများအား ကြိုတင်မဲပေးခြင်းကို ယမန်နေ့က ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူများအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ် (၁၀/၂၀၂၅) နှင့် (၁၁/၂၀၂၅) တို့ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူ (၃၀) ဦးအား လွတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြင်းခြံဗဟိုအကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။