မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်

မိတ္ထီလာ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံးစမ်းရေးမှူးနှင့် မိတ္ထီလာအကျဉ်းဦးစီးဌာနမှ ဦးစီးမှူးတို့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား၊ အကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာန ဧည့်ရိပ်သာတွင် ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများအား ထောင်လွှတ်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာဖြင့် လွှတ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား ၃ ဦးနှင့် အကျဉ်းသူ ၈ ဦး၊ စုစုပေါင်း ၁၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)