ကျိုင်းတုံ နိုဝင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၁/၂၀၂၅ အရ မကြာမီမှာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား ၁၁ ဦးတို့အား နိုဝင်ဘာ ၂၇ ရက်က ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျည်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းလွင်၊ ကျိုင်းတုံ အကျဉ်းထောင် တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးသက်မျိုးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားပြောကြားပြီး လွတ်ငြိမ်းခွင့်လက်မှတ်နှင့် ခရီးစရိတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)