ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ညောင်ဦး နိုဝင်ဘာ ၂၇

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ပုဂံရုံးခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပုဂံဒေသရှိ ဟိုတယ်များမှ လုံခြုံရေး-ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်း ဆင်းအမှာစကားပြောကြားသည်။ ထို့နောက် မြန်မာ့ရိုးရာသိုင်းသင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့်မြန်မာ့ရိုးရာသိုင်း သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း