Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေနံချောင်းမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Nov 27,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှု သင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်ပို့ချ
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ (၁၆) ဦး လွှတ်ပေး
Nov 27,2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်နှင့်အညီ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၁၁) ဦးနှင့် အကျဉ်းသူ(၅)ဦးအား ယနေ့နံနက် (၉)နာရီက လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်
Nov 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့နယ်၊ အ.ထ.ကမိုင်းတုံ၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမတွင် ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၇) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိ
Nov 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲဆန္ဒပြုခန်းတွင် ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေထိုင်သူများ ကြိုတင်ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ် မြန်အောင်တွင် ကျင်းပပြုလုပ်
Nov 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု ကျား/မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေးအစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က (၁) မြန်အောင်၌ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ် တညင်းကုန်းလက်ကားစျေးအတွင်းရှိ စျေးဆိုင်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွား
Nov 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလက်ကားစျေး၊ စျေးရုံးအမှတ် (၃) တွင်းရှိ စျေးဆိုင်ခန်းတစ်ခန်းသည် ယမန်နေ့ည ၈ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2367
Page
2368
Page
2369
Page
2370
Current page
2371
Page
2372
Page
2373
Page
2374
Page
2375
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department