အမြို့မြို့အနယ်နယ်သတင်းများ

Nov 27,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာတောင်သူများ ဝင်ငွေတိုးတက်မြင့်မားစေရန် ရည်ရွယ်၍  ရော်ဘာပင်ကြား ကိုကိုး၊ ကော်ဖီသီးနှံရောနှောစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)၌ ပြုလုပ်သည်။
Nov 27,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အခြေခံပညာမူလတန်း(မြန်မာနန်း)ကျောင်း၌ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်သည်။
Nov 27,2025
ဆေးပညာပထမနှစ်(၁၁/၂၀၂၅)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်းသိရဿည်။
Nov 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး‌ဟောပြောပွဲကျင်းရာ အထက်တန်းကျောင်းသား/ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
Nov 27,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Nov 27,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။