စစ်တွေ နိုဝင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေအကျဉ်းထောင်နှင့် ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၁၆)ဦး လွတ်မြောက်ကြောင်း သိရသည်။
ထို့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား ၇ ဦး၊ အကျဉ်းသူ ၁ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦး၊ အကျဉ်းသူ ၃ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၁၆ ဦးလွတ်မြောက် ကြောင်းသိရသည်။
အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)\