အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင် ရွက်ပေးလျက်ရှိရာ မြို့အတွင်းရှိပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့် တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင် စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Onlineမှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
Dec 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 27,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွှေတြိဂံကုန်တိုက်လမ်းဆုံတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 27,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကိုဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေး    လျက်ရှိကြောင်း သိရသည်။    
Dec 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင် ကြသော နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၈) နာရီ အချိန်ကစတင်၍ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
Dec 27,2021
ကရင်ပြည်နယ် ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက    ယမန်နေ့မွန်းလွဲပိုင်းက ထန်းတပင်ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့်လှည့်လည် နှိုး ဆော်ပေးလျက် ရှိသည်။