အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2021
ပဲခူးတိုင်းဒေသကြီ၊ ပဲခူးခရိုင်၊ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ဝိုင်အမ်ဘီအေခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Dec 28,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက  ကျင်းပသည်။             
Dec 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိ၍ လက်ရှိတွင်ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှု ခံယူသူ(၁)ဦးသာ ကျန်ရှိ‌ကြောင်းသိရှိရသည်။
Dec 28,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်အခြေခံပညာကျောင်းများတွင်အားကစားပြိုင်ပွဲများကို ကျင်းပပေး လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ကမော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်းတွင် ကလေးငယ်များကျောင်းစာ အပြင်ကာယ၊ ဉာဏ စွမ်းရည်ဖွံဖြိုးစေရေး အတွက် အားကစား ပြိုင်ပွဲများကျင်းပပေးကြောင်း သိရသည်။
Dec 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့်ကာယပညာဆိုင်ရာများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ် ၍ ဒီဇင်ဘာလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမ၌ အားကစားပစ္စည်းထောက်ပံ့ပေးအပ်ပွဲ၊  အားကစားနှင့်ကာယပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် Physical Fitness Dance သရုပ်ပြပွဲများ  ကျင်းပပြုလုပ်ခဲ့သည်။
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အလယ်တန်းအဆင့်) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။