ဥတ္တရသီရိ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး Talk Showကို ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများ၏ စာတတ်မြောက်မှုနှုန်းများနှင့် မသန်စွမ်းသူများ၏ အလုပ် အကိုင်အခွင့် ရရှိမှုများကို ပညာပေးဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဥတ္တရခရိုင်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဥတ္တရခရိုင် ပြည်သူ့စာကြည့် တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)