မြင်းခြံ ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် မျက်နှာအကာ(Face Shield)ကို စနစ်တကျတပ်ဆင်ပြီး လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကို စက္ကန့်(၂၀) ကြာ ဆေးကြောပေးရန်၊ လေဝင်လေထွက် မကောင်းသောနေရာများတွင် နေထိုင်းခြင်းမပြုဘဲ လေဝင်လေထွက်ကောင်းသော နေရာများတွင်သာ နေထိုင်ကြရန်၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေထိုင်ကြရန် စသည့်အချက်များကို မိဘပြည်သူများ လိုက်နာကြစေရန်အတွက် ဒုတိယဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)