မိုင်းခတ်နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မိုင်းခတ် ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိ၍ လက်ရှိတွင်ပြည်သူ့‌ဆေးရုံ၌ ဆေးကုသမှု ခံယူသူ(၁)ဦးသာ ကျန်ရှိ‌ကြောင်းသိရှိရသည်။ အဆိုပါ ဆေးရုံဆင်းခွင့် ရရှိသူ(၁)ဦးသည် ဒီဇင်ဘာ ၁၈ ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီ ဖြစ် သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌  ခုနှစ်ရက် Home Quarantine နေထိုင်သွားရန် ၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော  ဆောင်ရန် ရှောင်ရန်များကို သတိပေး မှာကြားခဲ့ကြောင်း သိရှိရသည်။ မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ၁၃ရက်နေ့မှ ဒီဇင်ဘာလ၂၈ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါ အတည်ပြလူနာ(၁၉၄)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁၉၂)ဦး၊ သေဆုံးသူ(၁)ဦး၊ ဆေးကုသမှု ခံယူနေသူ(၁)ဦးသာ ကျန်ရှိပြီး ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။