ဂွမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အလယ်တန်းအဆင့်) အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဂွ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ ပြုလုပ်သော  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အလယ်တန်းအဆင့်) အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က ဘောလုံးပြိုင်ပွဲ ကျင်းပရာတွင် အသင်းများအလိုက် လိုက်နာဆောင်ရွက်ရမည့်  စည်းကမ်းချက်များ၊ ထားရှိရမည့် စိတ်နေသဘောထားများနှင့် ပတ်သက်၍ ဆုံးမသြဝါဒစကား ပြေကြားခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ၂၀၂၁-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ၂၀၂၂ ခုနှစ်  ဇန်နဝါရီလ()ရက်နေ့အထိ  ပြိုင်ပွဲဝင် အသင်း()သင်းက ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်