မော်လမြိုင်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၂၈

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ()ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်အခြေခံပညာကျောင်းများတွင်အားကစားပြိုင်ပွဲများကို ကျင်းပပေး လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ ကမော်လမြိုင်မြို့၊ အမှတ်()အခြေခံပညာအထက်တန်း ကျောင်းတွင် ကလေးငယ်များကျောင်းစာ အပြင်ကာယ၊ ဉာဏ စွမ်းရည်ဖွံဖြိုးစေရေး အတွက် အားကစား ပြိုင်ပွဲများကျင်းပပေးကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင်အပြေးပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ ပူစီပေါင်းဖေါက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် လွန်ဆွဲပွဲပြိုင်ပွဲများကို ထည့်သွင်းပေးထားကာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ကျောင်းသား၊  ကျောင်းသူများ ကယှဉ်ပြိုင် ကစား ကြမည်ဖြစ်သည်။

ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ကာ ကျန်းမာပျော်ရွှင် ထက်မြက်သော အကျိုးကျေးဇူး များကို ရရှိစေမည့်အပြင်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေမည်ဖြစ်ပြီး အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူငယ် လူရွယ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ကောင်းများ ဖြင့်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)