ပဲခူး ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီ၊ ပဲခူးခရိုင်၊ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ဝိုင်အမ်ဘီအေခန်းမ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က "လွတ်လပ်ရေးနှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်အောင်ရီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ အမှတ်(၃) အခြေခံအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)