အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပထမပတ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် စုရပ်ပြုလုပ်၍ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။
Nov 29,2025
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ဟိတ်ကျေးရွာအုပ်စု၊ အောင်ဟိတ်ကျေးရွာ၌ GW11 မိုးစပါး စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ တောင်သူဦမျိုးညွန့်ပိုင်ကွင်းအမှတ် (၈၃၄)၊ ဦးပိုင်အမှတ် ၂၀/၅၊ ဧရိယာ (၀.၄၀)ဧက၊ ဘိုးတော်မိကွင်းအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသောင်းသိန်းဌေး ဦးဆောင်မှုဖြင့် စံကွက်ရိတ်သိမ်းသည်။
Nov 29,2025
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက  ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု လေးကျွန်းဆီမီးကျေးရွာ ကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဌေး၏ လယ်မြေ(၇.၀၀)ဧကတွင် ရေဆင်းပေါ်ဆန်း-ရေဆင်းပေါ်ဆန်း ၁၊ ရေဆင်းပေါ်ဆန်း ၂ စပါးမျိုးခေါင်နှံရွေးချယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းအခမ်းအနား ကြည့်ရှုအားပေးခဲ့သည်။
Nov 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် နို၀င်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ စမ်းချောင်းမြို့နယ် ရပ်ကွက်(၁၈) ရပ်ကွက်အတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက  တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း  ဆောင်ရွက်လျက်ရှိသည်။
Nov 29,2025
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို နိုဝင်ဘာ  ၂၈ ရက်နေ့နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။
Nov 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊  အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၌ ပြည်သူများအား ဆန္ဒ‌မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက်အား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီတွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်ကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။