Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်…
Nov 29,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားပြီး ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် ဘာသာတရားရိုသေလေးစားလိုက်နာတတ်စေရန်လည်း ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့၏ကျောင်းတော်ကြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် အစဉ်သန့်ရှင်းသာယာလှပစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများအားအခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး
Nov 29,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရလိုက်နာဆောင်ရွက် ရမည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ဆိုင်ရာသိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက် ၁၀နာရီကမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်အတွင်း ဓာတ်အားခကြွေးကျန် ကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Nov 29,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ဓာတ်အားခကြွေးကျန်ကျဆင်းရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုန်းမဲဇာကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသ…
Nov 29,2025
မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူးမာရိယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ-အိန္ဒိယကိုယ်စားလှယ် ဦးလှဝင်းနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြို့နယ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ
Nov 29,2025
မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊ အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်အားကစားခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းသား/သင်တန်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ကြက်တူရွေးကျေးရွာ ဒေါနအလင်း စာကြည့်တိုက်ဖွင့်
Nov 29,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် စာကြည့်တိုက်ပေါင်း ၅ တိုက်ကို ဆောက်လုပ်ဖွင့်လှစ်သွားမည်ဖြစ်ရာ စတုတ္ထမြောက်စာကြည့်တိုက်ဖြစ်သည့် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့ကြက်တူရွေးကျေးရွာတွင် ဒေါနအလင်းစာကြည့်တိုက်ကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး တာ၀န်ရှိသူများမှ တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်
Nov 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၂)ရပ်ကွက်နှင့် ရွှေလင်ပန်းကျေးရွာအတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက အပိုင်းလိုက်ခွဲ၍ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 29,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2347
Page
2348
Page
2349
Page
2350
Current page
2351
Page
2352
Page
2353
Page
2354
Page
2355
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department