ဖယ်ခုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၌ ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက်အား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီတွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်ကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမဲစာရင်းကောက်ယူစစ်ဆေးခြင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုနယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုက်ောမရှင်အဖွဲ့ခွဲများတို့က အုပ်စုအဖွဲ့(၄)ဖွဲ့ခွဲ၍ ဈေးတန်းရပ်ကွက်၊ နန်းဟူးရပ်ကွက်၊ ဈေးရှေရပ်ကွက်၊ ဈေးနောက်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းမဲစာရင်းကောက်ယူစစ်ဆေးခြင်းကို ကျန်ရှိနေသေးသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုတွင် ဆက်လက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)