အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 28,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့က မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မွန်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ပြုလုပ်သည်။
Nov 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄/၅)ရပ်ကွက်၊ လှည်းတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 28,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဘားအံမြို့ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း၊ နေ့စဉ်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
Nov 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ပါဝင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 28,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို နိုဝင်ဘာ ၂၈ ရက်နံနက် ၉ နာရီက သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
Nov 28,2025
ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ဆေးဘက်ကျွမ်းကျင် ၄ (ဆေးလူမှု) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။