တောင်ကြီး နိုဝင်ဘာ ၂၈
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို နိုဝင်ဘာ ၂၈ ရက်နေ့နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့် ပစ်နေရာသစ်နှင့်စပ်လျဉ်း၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)ဒေါ်ခင်နှင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအခြေအနေများအား ရှင်းလင်းတင်ပြကတင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက လမ်းအူကြောင်းသစ်ရွေးချယ်ဖောက်လုပ်ခြင်းလုပ်ငန်း၊ မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည်အနောက် မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း (ဝါးပြားလမ်းဆုံ)မှ ကျောက်တစ်လုံးလမ်းဆုံအထိ ကွန်ကရစ်လမ်းခြင်းနှင့်လမ်းပုခုံးပြုလုပ်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာလုပ်ငန်းနှင့်စပ်လျဉ်း၍တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေး၊ လမ်းဆုံဖြစ်သည့်အတွက် လမ်းပုခုံးများချောမွေးစေရေး၊ သတ်မှတ်စံချိန်စံညွှန်းကိုက်ညီရေး၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)