Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်
Dec 29,2021
နမ္မတူတွင် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်အသင်းရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
Dec 29,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ လူထူအခြေပြူဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် အမျိုးသမီးကလေးသင်တန်းကျောင်းတွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်အမျိုးသမီးကလေးသင်တန်းကျောင်းတွင် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၇၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာတွင် မုန်းချောင်းကမ်းပါးပြိုကျသည့် အိမ်ထောင်စုအတွက် ထောက်ပံ့ငွေပေးအပ်
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာတွင် မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ပြောင်းရွှေ့ရမှုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာဆန်ဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့ ဇေယျသာရီဘုရားကွင်းတွင် မြန်အောင်မြို့ ပညာရေးနယ်မြေ(၁) ကျောင်းများမှ မီတာ ၅၀ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲ များကိုကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Dec 29,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား(Sinovac) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေး
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ(၃၅၂)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23472
Page
23473
Page
23474
Page
23475
Current page
23476
Page
23477
Page
23478
Page
23479
Page
23480
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department