ပေါက်ခေါင်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများအား (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေါက်ခေါင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပက်သက်၍ ပြောကြားခဲ့သည့် မိန်းခွန်းမှ ကောက်နုတ်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်း၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသော" တို့များ ဆင်မြန်း လွတ်လပ်ပန်း "ကဗျာနှင့်အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ် အစရှိသည့် အကြောင်းအရာများ ပါရှိကြောင်း သိရသည်။
သန်းထွန်းအောင်