ရေးမြို့တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ပြည်သူများသို့ဖြန့်ဝေ

ရေး     ဇန်နဝါရီ       

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့်(၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့ ထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ရေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံသားတိုင်းသိထားသင့်သည့် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်(၅)ခုအကြောင်း၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ရက်နေ့ ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီံမအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ လွတ်လပ်ရေးနှင့်ဆိုင်သည့် ကဗျာဆောင်ပုဒ်များနှင့် ကာတွန်းတို့ကို ထည့်သွင်းဖော်ပြထားသည်။ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြည်သူများမှရရှိပြီးသောလွတ်လပ်ရေးအနှစ်သာရ၊ လွတ်လပ်ရေးအမွေအနှစ်ကို ထိန်း သိမ်းကာကွယ်လိုစိတ်နှင့် မျိုးချစ်စိတ်ဓါတ်များ ရှင်သန်နိုးကြားစေလိုသော ရည်ရွယ်ချက်များဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)