မိုးညို ဇန်နဝါရီ ၄
၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား နှင့် အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၄ နာရီ၂၀ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငဲရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှနိုင်ငံတော်အလံအားအလေးပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် နံနက် ၇နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ၄ရက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းသိဒ္ဓိက ဖတ်ကြား ခဲ့သည်။ သဝဏ်လွှာဖတ်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှမြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “ သတင်းစကား” လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာများတက်ရောက် ခဲ့ကြကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်