ရွှေဘို ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၇)နာရီက လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်လာသည့် ဝန်ထမ်းများ ၊အခြေခံပညာ ကျောင်းများမှဆရာ/ဆရာမများ၊ကျောင်းသား /ကျောင်းသူများ ထံသို့ ရွှေဘိုခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
( ၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်တွင် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက် ( ၄ ) ရပ် ၊ မြန်မာ့ လွတ်လပ်ရေး တစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ လွတ်လပ်ရေးကို ကာကွယ်ရမည် ၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် ၊ တို့များဆင်မြန်း လွတ်လပ်ရေး ကဗျာ ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် ၊ လွတ်လပ်ရေးသည် ဒို့အသက် ဆောင်ပုဒ် ၊ လွတ်လပ်ရေး နှင့် အချုပ်အခြာ ၊ မျိုးချစ်အား နှင့် ကာကွယ်ပါ ဆောင်ပုဒ် ၊ လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကာတွန်းများ ထည့်သွင်း ဖေါ်ပြထားကြောင်း သိရသည်။
စိုးသီဟ