အရန်မီးသတ် လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ 

ရန်ကင်း ဇန်နဝါရီ  

ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့ပူးပေါင်း၍ တောင်ဥက္ကလာပ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် မီးသတ် စခန်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင် တန်းဖွင့်ပွဲမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းမှ စာတွေ့နှင့် လက်တွေ့ပညာရပ်အား ()ပတ်ကြာ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ရပ်ကွက်နှင့် ကျေးရွာများတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ ဖြစ်ပေါ်လာပါကမီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် မီးငြိမ်းသတ်ရေး ပညာရပ်များ၊ လက်နက်မဲ့အခြေခံ စစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေး ပညာရပ်များ၊ လတ်တလော မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ယခုသင် တန်းအား ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင် များတက် ရောက်ကြတာဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက်သင်တန်းသို့တက် ရောက်လာသည့်သင်တန်းသား (၁၀၀) အတွက် ဝတ်စုံ (၁၀၀)အား ရန်ကင်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်မိုး၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးဦးဇင်မင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

လှလှထွေး