ဓနုဖြူ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ လွတ်လပ်ရေးပန်းခြံတွင် ယနေ့ ဇန်နဝါရီလ (၄) ရက်နေ့၊ နံနက်(၇)နာရီ အချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်မှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်မှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ချိုဦးက အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းမှ အထက်တန်းအဆင့် (ကျား) လွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဦးစီအရာရှိ ဦးဝင်းထွန်းမှ အလယ်တန်းအဆင့် (မ)ထုပ်ဆီးတိုးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)