ဗန်းမောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ

ဗန်းမောက်  ဇန်နဝါရီ   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့ နံနက် ()နာရီ(၂၀)မိနစ်အချိန် က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုပွဲ အခမ်းအနားကို မြို့မကျောက်တိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နံနက် ()နာရီအချိန် တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ နိုင်ငံတော်အလံအလေးပြုပွဲနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဦးစွာ ဂုဏ်ပြုတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဌေး က ဖတ်ကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကျောင်းဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)