မင်းဘူး(စကု)မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများပေးအပ်

မင်းဘူး ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်ကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား တစ်လလျှင် ထောက်ပံ့ငွေ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ် လျှက်ရှိရာ ယခုအခါ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ ခြောက်လတာကာလ၊ ပထမသုံးလပတ် (အောက်၊ နို၊ ဒီ)လများအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၀၆)ဦးရှိပြီး တစ်ဦးလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၀,၁၈၀,၀၀၀) ကျပ်တိတိကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မောင်မောင် (မင်းဘူး)